Follow us on FaceBook

Wednesday 15 July 2015

ရန်ကုန်အဝေးပြေး ကားဂိတ်များ၏ လိပ်စာများကို သိရှိနိုင်မည့် WayPyay Application ထွက်ရှိ





ရန်ကုန် အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးတို့ရှိ ကားဂိတ်ပေါင်း ၂၀၀ ကျော်၏ လိပ်စာနှင့် တယ်လီဖုန်းနံပါတ်များ ပါရှိသည့် WayPyay (ဝေးပြေး) Application ကို Zwenexsys Int'l Ltd က စတင်ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အဝေးပြေးကားဂိတ်များနှင့် ပတ်သက်သည့် Application အား လတ်တလောတွင် Android OS အတွက်သာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လာမည့်နှစ်လအတွင်း iOS Platform အတွက် ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Zwenexsys Int'l Ltd ၏ မန်နေဂျင်းဒါရိုက်တာ ကိုသာထက်က ပြောသည်။

“ခရီးသွားလာရင်း ကားဂိတ်ဖုန်းနံပါတ် သိချင်တဲ့အခါ ရှာမရတဲ့အခက်အခဲကို အဓိက ဖြေရှင်းပေးဖို့ပါ။ ကားလိုင်းပေါင်း နှစ်ရာကျော်ရဲ့ရန်ကုန်နဲ့ နယ်ဂိတ် လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ၊ လိပ်စာကတ်တွေကို အင်တာနက်မလိုဘဲ ကြည့်နိုင်တာဖြစ်လို့ အင်တာနက်မရတဲ့ နေရာမျိုးမှာပါ အဆင်ပြေစေနိုင်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။

WayPyay Application ၌ အားလပ်ရက် ခရီးသွားကားများ၊ စင်လုံးငှား ကားလုပ်ငန်းများ၏ အချက်အလက်များကိုလည်း ဆက်လက် ထည့်သွင်းသွားရန်ရှိပြီး သုံးစွဲသူ၏ လိုအပ်ချက်အလိုက် အခြားမြို့ကြီးများ၏ ကားဂိတ်လိပ်စာများအား ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Waypyay application ​ဒေါင်းရန်​ link https://drive.google.com/file/d/0Bwl3pwOjtNJBSUVNbGs3N2FOMW8/edit?usp=docslist_api

No comments:

Post a Comment

Note: only a member of this blog may post a comment.