ဒီတခါတော့ Flashlight app မရှိသေးတသူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်ခဗျာ ဘယ်လောက်ကောင်းလဲဆိုတော့ လက်ခုပ်တီးရုံနဲ့ အဖွင့်အပိတ်လုပ်နှိင်တဲ့flishlight appဖြစ်နေလိုပါ အကိုအမများအားလုံး အဆင်ပြေကြပါစေခဗျာ ဆော့ဝဲကိုဒီမှာဒေါင်းယူပါခဗျာhttps://www.dropbox.com/s/d1qk0r6uyrpwwt4/com.rvappstudios.flashlight-1.apk?dl=0
Follow us on FaceBook
Friday, 17 July 2015
လက်ခုပ်တီးရုံနဲ့အဖွင့်အပိတ်လှပ်နှိင်တဲ့ Flishlight Apk
Wednesday, 15 July 2015
ရန်ကုန်အဝေးပြေး ကားဂိတ်များ၏ လိပ်စာများကို သိရှိနိုင်မည့် WayPyay Application ထွက်ရှိ
ရန်ကုန် အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးတို့ရှိ ကားဂိတ်ပေါင်း ၂၀၀ ကျော်၏ လိပ်စာနှင့် တယ်လီဖုန်းနံပါတ်များ ပါရှိသည့် WayPyay (ဝေးပြေး) Application ကို Zwenexsys Int'l Ltd က စတင်ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အဝေးပြေးကားဂိတ်များနှင့် ပတ်သက်သည့် Application အား လတ်တလောတွင် Android OS အတွက်သာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လာမည့်နှစ်လအတွင်း iOS Platform အတွက် ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Zwenexsys Int'l Ltd ၏ မန်နေဂျင်းဒါရိုက်တာ ကိုသာထက်က ပြောသည်။
“ခရီးသွားလာရင်း ကားဂိတ်ဖုန်းနံပါတ် သိချင်တဲ့အခါ ရှာမရတဲ့အခက်အခဲကို အဓိက ဖြေရှင်းပေးဖို့ပါ။ ကားလိုင်းပေါင်း နှစ်ရာကျော်ရဲ့ရန်ကုန်နဲ့ နယ်ဂိတ် လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ၊ လိပ်စာကတ်တွေကို အင်တာနက်မလိုဘဲ ကြည့်နိုင်တာဖြစ်လို့ အင်တာနက်မရတဲ့ နေရာမျိုးမှာပါ အဆင်ပြေစေနိုင်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။
WayPyay Application ၌ အားလပ်ရက် ခရီးသွားကားများ၊ စင်လုံးငှား ကားလုပ်ငန်းများ၏ အချက်အလက်များကိုလည်း ဆက်လက် ထည့်သွင်းသွားရန်ရှိပြီး သုံးစွဲသူ၏ လိုအပ်ချက်အလိုက် အခြားမြို့ကြီးများ၏ ကားဂိတ်လိပ်စာများအား ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Waypyay application ဒေါင်းရန် link https://drive.google.com/file/d/0Bwl3pwOjtNJBSUVNbGs3N2FOMW8/edit?usp=docslist_api

Tuesday, 14 July 2015
လင်မယားစုံတွဲများသားသမီးယူရာတွင် ယောင်္ကျားလေးသာရစေနည်း
လင်မယားစုံတွဲများသားသမီးယူရာတွင် ယောင်္ကျားလေးသာရစေနည်း

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ
မေး။ ။ဆရာ ကလေးယူတော့မယ်ဆိုရင် မိန်းခလေးလိုချင်လုပ် ဘယ်လို၊ ယောက်ကျားလေးလိုချင်ရင်ဘယ်လို ဆိုတာ ရှိပါတလာဆရာ။
ဆရာ သားယောက်ျားလေး ရနိုင်မယ့်နည်းလေး ရှိရင် ညွှန်ကြားပေးစေလိုပါတယ်။
ဖြေ။ ။ Boy Diet ယောက်ျားလေးရစေမဲ့ အစားအသောက်တွေဆိုတာကို အရပ်စကား ပြောကြတာရှိတယ်။
• Meat အသား၊ Red meat အထူးသဖြင့် အမဲသား၊ ဆိတ်သား၊
• Salty snacks ဆားပါတဲ့ သွားရည်စာ၊ ဥပမာ အာလူး (ချစ်ပ်)၊
• Caffeine (ကေဖင်း) ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်။
အစဉ်အဆက် မိန်းမဘက်ကို အာရုံထားကြတယ်။ နောက်မှာ ယောက်ျားတွေကို စမ်းကြပြန်တယ်။ Testicle ယောက်ျား-အစိတဖက်ကို ခြည်နှောင်ပေးတာကို စမ်းသပ်ခဲ့ကြဘူးတယ်။ တခြား နည်းတွေလဲ တရွာတပုဒ်ဆန်း မနည်းလှပါ။
Boy Hints အရပ်ပြော သားယောက်ျားလေး ရစေနည်းတွေကတော့ -
• Wear boxers to cool the temperature of the scrotum ကပ်ပဲ့အိတ် အေးစေအောင် (ဘော်ဆာ) အတွင်းခံ ဝတ်ထားပါ။
• Man has an orgasm first ယောက်ျားက အရင် (အော်ဂဇင်) ရအောင်နေပါ။
• Only have marital relations on the odd days of the month to have a baby girl အိမ်ထောင်ဖက်နဲ့သာ (မ) ဂဏန်းရက်တွေမှာ အတူနေရင် မိန်းကလေး မွေးမယ်၊
• Man initiates sexual relations အတူနေဘို့ ယောက်ျားကစပါ။
• Man on top or dominate positions ယောက်ျားက အထက်က အနေအထားနဲ့ ဆက်ဆံပါ။
• Have sex standing up မတ်တပ်ရပ် အနေအထားနဲ့ စခန်းသွားပါ။
• Have sex at night ညအချိန်မှာ ဆက်ဆံပါ။
• Avoid sex during the full phase of the moon as well as the new moon, aim for a quarter moon လပြည့်ရက်၊ လဆန်းရက်တွေ ရှောင်ပါ။ လပြည့်ကျော် တပတ်မှာ အတူနေကြပါ။
ဆရာဝန်တွေကနေ ပြောတာထဲမှာ (သီအိုရီ) တခု ရှိပါတယ်။ Biorhythms method (ဘိုင်အို-ရစ်သမ်) နည်းလို့ ခေါ်တယ်။ ၁၉ ရာစု ကတည်းက ပေါ်တာပါ။ မိခင်လောင်းရဲ့ ဇီဝ-စည်းချက်နဲ့ Conception သန္ဓေယူချိန်နဲ့ ကိုက်ညီရမယ်လို့ ဆိုပါတယ်။ Biorhythms ဇီဝ-စည်းချက် အတက်-အကျဆိုတာ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ရဲ့ အက်စစ်ဓါတ်နဲ့ ဆက်စပ်နေတယ်။ ဒါ့အပြင် Egg membranes မ-မျိုးဥ အဖုံးလွှာရဲ့ Electro-magnetism လျှပ်စစ်-သံလိုက် အခြေအနေနဲ့လဲ ဆက်စပ်ပါသေးတယ်။
ဟိုရှေးရှေး ဆေးပညာဖခင်ကြီး Hippocrates (ဟစ်ပိုခရေးတီးစ်) လက်ထက်ကတည်းက Good days နေ့ကောင်းရက်သာ နဲ့ Bad days ပြဿဒါးရက်တွေဟာ Cycles တလှည့်စီသဘော ဖြစ်နေပါသတဲ့။ သိပ္ပံနည်းကျ ဖြစ်လာတာကတော့ ၁၈၉၇ ရောက်မှ Dr Wilhelm Fliess ကနေစပြီး ရုပ်ပိုင်းနဲ့ စိတ်လှုပ်ရှားမှုပိုင်း ဇီဝ-စည်းချက်တွေကို ဖေါ်ထုတ်ပါတယ်။
လူတိုင်းဟာ မွေးကတည်းက ဇီဝ-စည်းချက် (အပင်) နဲ့ ရှိလာကြတယ်။ အိပ်ချိန် နဲ့ နိုးထချိန်၊ ဟော်မုန်း တမျိုးစီ ထွက်ချိန်တွေ အလှည့်ကျ ဖြစ်ရတယ်။ ဇီဝ-စည်းချက် အဓိက ၃ မျိုးရှိတယ်။ Physical cycle ရုပ်ပိုင်း။ Emotional cycle စိတ်လှုပ်ရှားမှုပိုင်း နဲ့ Intellectual cycle ဥာဏ်ရည်ပိုင်းတွေ ဖြစ်ကြတယ်။
၁၉ဝ၂ ခုနှစ်မှာ ဗီယယ်နာ တက္ကသိုလ်က စိတ်ပညာရှင် Dr Hermann Swoboda ကလဲ ဒီအချက်ကို ထောက်ခံချက် ပေးလာတယ်။ သူကနေ ခန့်မှန်းချက်ရတဲ့အထိ လေ့လာမှုပြုနိုင်ခဲ့တယ်။ သူ့နောက် ၁၉၂ဝ ခုနှစ်မှာ နာမည်ကျော် သင်္ချာပညာရှင် Alfred Teltscher ကနေ Intellectual rhythm ကိုပါ ဖေါ်ထုတ်နိုင်ခဲ့တယ်။ လူတွေဟာ တချို့ အချိန် ကာလတွေမှာ မှတ်ဥဏ်တွေ၊ ထိုထွင်းဥာဏ်တွေ သိပ်ကောင်းပြီး တချို့အချိန်ကာလတွေမှာ ညံ့နေကြတာ တွေ့ရှိလာတယ်။
ပညာရှင်တွေကနေ Biological rhythms ဇီဝ-စည်းချက်ကျပုံတွေကို အမျိုးမျိုးသော ဂဏန်းသင်္ချာ ဥပဒေသတွေ ထုတ်ယူကြတယ်။ ရလာတဲ့ ဖေါ်မြူလာတွေကို အသုံးချရင် မိခင်လောင်းအတွက် ယောက်ျားလေးရစေဘို့၊ မိန်းကလေးရစေဘို့ ပြက္ခဒိန်တခု ရလိမ့်မယ်။ ၉၅% အောင်မြင်တယ်လို့ ဆိုပါတယ်။
Vagina (ဗဂျိုင်းနား) ဟာလဲ သူ့စည်းချက်နဲ့သူ ပြောင်းနေတယ်။ (ဗဂျိုင်းနား) Acid အက်စစ်ဓါတ် ဖြစ်နေချိန်မှာ မ-မျိုးဥဟာ သုက်ပိုးထဲက X sperm (အိတ်က်စ်-ခရိုမိုဇုမ်း) ကို ဆွဲယူမှာဖြစ်လို့ မိန်းကလေး ရစေနိုင်တယ်။ (ဗဂျိုင်းနား) က Alkaline (အယ်လ်ကာလိုင်း) ဓါတ် ဖြစ်နေချိန်ဆိုရင် Y sperm (ဝိုင်-ခရိုမိုဇုမ်း)ကို ဆွဲဆောင်ပေးတာမို့ ယောက်ျားလေး ဖြစ်စေမယ်။
အမျိုးသမီးတယောက်ရဲ့ ဇီဝ-စည်းချက်ကနေ ဟော်မုန်းထွက်တာကို သက်ရောက်စေတယ်။ တဆက်ထဲ သူကနေမွေးလာမဲ့ ကလေးရဲ့ ကျား-မ ဆိုတာကိုပါ သက်ရောက်စေတယ်လို့လဲ ယူဆကြတယ်။
Mother’s biorhythms မိခင်ရဲ့ ဇီဝ-စည်းချက်ကိုကြည့်ပြီး မွေးလာမဲ့ကလေး ကျာ-မ ခွဲနိုင်စေဘို့ ခန့်မှန်းချက်ကို တွေလာတာကတော့ ၁၉၆ဝ ကျော်မှ ဖြစ်ပါတယ်။ Dr Irvin Fisher နဲ့ John Toran တို့ကနေ ၁၉၆၂ မှာ Ladie’s Home Journal မှာ စရေးခဲ့ပါတယ်။
မငြင်းနိုင်တဲ့ ဆေးပညာကလက်ခံထားတဲ့ အချက်ကတော့ မိခင်မှာရှိတဲ့ XX ခရိုမိုဇုမ်း နဲ့ဖခင်မှာရှိတဲ့ XY ခရိုမိုဇုမ်း အတွဲတွေကနေ ကျား-မ လိင်ကို ဖြစ်စေတယ်။ ကလေးရဲ့ (လိင်) ရွေးခြယ်ရာမှာ အမေရော အဖေပါ တဝက်စီဆိုင်တယ်။ မိခင်မှာ XX ရှိနေလို့ သူကနေ X တခုကိုသာ ထုတ်ပေးနိုင်တယ်။ ဖခင်မှာ XY ရှိနေလို့ X ဖြစ်ဖြစ် Y ဖြစ်ဖြစ် တခုခုကို ထုတ်ပေးနိုင်စွမ်းရှိတယ်။ ဒါကြောင့် ကလေးရဲ့ (လိင်) အတွက် ဖခင်ဟာ အလွန်အရေးပါတဲ့ အဆုံးအဖြတ်ကို ပေးတယ်။
လိင်ဆက်ဆံမှုတခု ပြုပြီးတာနဲ့ ယောက်ျားကပြီးစီးချိန်မှာ သုက်ကောင်ရေပေါင်း သန်း ၂ဝဝ ထုတ်ပေးတယ်။ အဲဒီထဲက ဖခင်ရဲ့ X ဒါမှမဟုတ် Y တခုတည်းကသာ မ-မျိုးဥနဲ့ ပေါင်းစပ်ပြီး ကလေးကို (ကျား) ရယ်၊ (မ) ရယ် ခွဲခြားဖြစ်စေနိုင်တယ်။
Shettles Method (ရှက်တဲလ်စ်) နည်း
မိန်းကလေး ဘယ်လိုရစေမလဲကို အထူးပြုတဲ့နည်းဖြစ်ပေမဲ့ (ကျား) ရော (မ) ပါ ရအောင်လုပ်နည်း ဖြစ်တယ်။ Y ပါတဲ့ Sperm သုက်ပိုးက ပိုပြီးမြန်ဆန်တယ်။ ဒါပေမဲ့ ကြာကြာမနေနိုင်ဘူး။ ဒါ့ကြောင့် မမျိုးဥထွက်နေချိန်မှာ အမျိုးသမီးရဲ့ကိုယ်ထဲမှာ သုက်ပိုး လုံးဝ ရှိမနေစေဘဲ၊ မ-မျိုးဥ ထွက်လာချိန်မှာ ဆက်ဆံမှုပြုပြီး သုက်ပိုးတွေလာစေမယ်ဆိုရင် မမျိုးဥဆီကို မြန်ဆန်လှတဲ့ Y ပါတဲ့ Sperm သုက်ပိုးတွေက အရင် ရောက်လာလို့ ယောက်ျားလေး ရစေမယ်။
ဒီလိုဖြစ်လာစေဘို့ အမျိုးသမီးဟာ Menstrual cycle ကိုယ့်ရာသီရက်-လ အတိအကျသိရမယ်။ Basal body temperature (BBT) charts ဘာတခုမှ မလုပ်သေးချင် မနက်အိပ်ရာထခိန်မယ် တိုင်းယူတဲ့ ကိုယ်အပူချိန် တိုင်းယူပြီး ဇယားချထားနိုင်တယ်။ ၃-၄ လ လောက် အဲလို တွက်ချက်-မှတ်သားထားပါ။ Ovulation မျိုးဥ ဘယ်ရက်မှာ အတိအကျ ထွက်တယ် ဆိုတာ သေခြာပေါက်သိနိုင်တယ်။ ကြားရက်တရက် (လလည်ရက်) မှာ ကိုယ်အပူချိန် နဲနဲလေးတက်နေတာ တွေ့မယ်။ အဲဒါ မျိုးဥ ထွက်တဲ့ရက် ဖြစ်တယ်။
အဲဒီရက် မတိုင်ခင် ၄-၅ ရက်အတွင်း ဆက်ဆံကြရင်တောင်မှ ခင်ပွန်းဖြစ်သူဟာ ဇနီးရဲ့ (ဗဂျိုင်းနား) ထဲကို Ejaculation သုက်မလွှတ်ပါနဲ့။ အပြင်ထုတ်နည်းဖြစ်ဖြစ် (ကွန်ဒွမ်) သုံးတာဖြစ်ဖြစ် လုပ်ပါ။ တွက်ချက်ထားတဲ့ မျိုးဥထွက်မဲ့ရက်မှာ (ကွန်ဒွမ်) မပါဘဲ ဗ၈ျိုင်းနာထဲမှာ သုက်လွှတ်ပါ။ အတိအကျ ပြောရရင် ထွက်ချိန်မတိုင်ခင် ၁၂ နာရီမှာ ဆက်ဆံပြီး သုက်ထည့်ပေးပါ။
ဆက်ဆံနည်းကလည်း Tip of Penis လိင်တံထိပ်ဖျားဟာ Cervix သားအိမ်အဝနဲ့ ထိထိမိမိ ဖြစ်စေရမယ်။ Rear entry positions ခေါ်တဲ့ ယောက်ျားက နောက်ကနေ ဆက်ဆံနည်းလဲ အပါအဝင်ဖြစ်တယ်။ မိန်းမဖြစ်သူက Orgasm ရရင် Sperm သုက်ပိုးကို Egg မ-မျိုးဥဆီ ရောက်စေဘို့ အားပေးရာကျတယ်။

Thursday, 9 July 2015
Viber Sticker ခိုးနည်း....
Viber Sticker ခိုးနည်း………
ဒီတခါတော့ Viber ချစ်သူများအတွက် Viber မှာ ပိုက်ပိုက်ပေးရတဲ့ Sticker များကို ခိုးယူတဲ့နည်းလေးကို တင်ပေးလိုက်ပါတယ်။
ပထမဆုံး Lucky Patcher apk ကိုဒေါင်းယူပြီး ဖုန်းထဲမှာ
Install လုပ်ပါ။
Apk ဒေါင်းယူရန်……
https://www.dropbox.com/s/4ob9aumk7if4z2f/lucky%20patcher.v5.4.1.apk?dl=0
ဒေါင်းယူလို့ရတဲ့ Lucky Patcher Apk …ကိုဖွင့်ပါ။
ပြီးရင် Viber Apk ကိုရှာပြီး နှိပ်ပါ။
ပြီးရင် Back key ပြန်ထွက်ပါ။
Viber Apk ကို ဖွင့်ပါ။
ကျန်တဲ့ ပြု့လုပ်ပုံအဆင့်ဆင့်ကို အောက်ကပုံလေးတွေကို ကြည့်ပြီး လိုက်လုပ်ကြည့်ပါ။
အဆင်ပြေပါစေသား……

Facebook ID Card လုပ်နည်း
Facebook ID Card လုပ်ပုံလုပ်နည်းပါ။
ဒီ link ထဲကိုသွားပါ။
http://appspocket.com/facebook_id_card.php
ဒီပုံလေးတွေထဲကအတိုင်း လုပ်ဆောင်ပါ။

Facebook အဟက်မခံရအောင် ကာကွယ်နည်း
"ဖေ့စ်ဘုတ် အဟက်မခံရအောင် ဒီလိုလေး ကာကွယ်ကြမယ် "
W.S တစ်ခုကနေ ..... သယ်လာတာပါ ..... သိပြီးသားသူတွေအဖို့.....မခဲယဉ်းပေမယ့်..... မသိသေးသူတွေအတွက်ကတော့...... တန်ဖိုးရှိပါတယ်.....
အဆင်ပြေကြပါစေဗျာ .....

Internet. 10GB free သုံးလို့ရတဲ့နည်း
သူငယ်ချင်းတွေကို Internet 10 GB free
သုံးလို့ရတဲ့နည်းကိုမျှဝေလိုက်ပါတယ်
ဆရာ/မ တွေ သိပြီးနှင့်တဲ့သူငယ်ချင်း
ကျော်သွားပါမသိသလိုကျော်သွားပါ
မသိသေးတဲ့သူငယ်ချင်းတွေအတွက်ကိုမျှဝေ
လိုက်ပါတယ် ဒီကောင်လေးက your freedom
ထက်လိုင်းပိုကောင်းပါတယ်
apk download links ပါ
http://m.mobogenie.com/sharedetail/app.htm?id=3568059&site=GL
ဒါကပုံတွေကိုအကုန်လုံးကိုစုထားတဲ့ PDF files
လေးပါ https://my.pcloud.com/publink/show?code=UtNitalK

Apk ပြုလုပ်နည်း
အခု Fb မှာခေတ်စားနေတဲ့ Apk ပြုလုပ်နည်းကို
တင်ပေးလိုက်ပါတယ်၊ပရိုဂရမ်ရေးစရာမလိုပါဘူး
နမူနာအနေနဲ့ Browser ရေးနည်းကို ပုံနဲ့ရှင်းပြထားပါတယ်၊တခြား ဂိမ်းapk၊များလည်းကလိကြည့်လို့ရပါတယ်၊ကိုယ်တိုင်ပြုလုပ်တဲ့apk
တွေနဲ့လန်းနိုင်ကြပါစေ။

Subscribe to:
Posts (Atom)